ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Friday, March 23, 2012

မေ့ရက်သူသို့ 


အချစ်ဆုံးသူရယ်
မကြင်နာရက်စက်
မင်းမေ့ သွားခဲ့ပြီ
ကြည်နူးဖွယ်မေတ္တာ
ဒီရင်မှာမြစ်တွယ်
နွယ်မနေတော့ဘူးနော်။။။

မေ့ထားရက်သူကို
ဘယ်ဆီကိုမျှော်မှန်း
တမ်းတမနေချင်
ခင်တွယ်လို့မဖြစ်
ချစ်မနေတော့ဘူးနော်။။။

နှလုံးသားကိုပုံ
ယုံမိတဲ့ကိုယ့်မှား
ထားပစ်ခဲ့ပါလေ
တွေဝေလို့မှိုင်ငေး
ဆွေးမနေတော့ဘူးနော်။။။

နုနယ်တဲ့အသည်း
ကွဲလိုက်စမ်းပါစေ
ငယ်ရွယ်သူချစ်မူး
ရူးချင်လဲရူးသွား
တားမနေတော့ဘူးနော်။။။

မေ့ထားဖို့ကြိုးစား
အသည်းခွဲသွားသူ
မတူညီချစ်နဲ့ 
မင်းထားရက်တာကို
ငိုမနေတော့ဘူးနော်။။။။
 
(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites