ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။
Monday, April 2, 2012
အချစ်ဆိပ် (၁)
အလွမ်းရင့်ရင့်
နင့်နင့်လူးလို့ 
ဆို့ နင့်သောရင်
မင်း မမြင်နိုင်
စိတ်မခိုင်ပါချစ်သူရယ်။။။
မခိုင်သောစိတ်
ထိတ်ထိတ်ဗျာပွေ
တွေဝေဆန်းသစ်
ဖန်ဖန်စစ်ကာ
ချစ်ခဲ့ တာပါချစ်သူရယ်။။။။
ချစ်ခဲ့ ပါသော်
ပျော်စေရန်သာ
ရည်ရွယ်ပါလို့ 
မုန်းဖို့ မလွယ်
မမေ့ နိုင်ပါချစ်သူရယ်။။
မမေ့ ရက်တာ
သူသိတာမို့ 
ရန်လိုမင်းမူ
နိုင်တော်မူလို့ 
ရက်စက်တာလားချစ်သူရယ်။။။
ရက်စက်စိမ်းကား
ထားရစ်တတ်တာ
ကြိုသိပါလည်း
မလွန်ဆန်ခဲ့ 
ကိုယ်ပဲမှားတယ် ချစ်သူရယ်။။
(ကဗျာမလေး)
1 comments:
ကဗျာလေးကိုကြိုက်လွန်းလို့ facebook ပေါ်မှတဆင့်ပြန်လည်မျှဝေခံစားသွားပါတယ်နော်။
Post a Comment
Share
Twitter Delicious Facebook Digg Stumbleupon Favorites