ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

ထာဝရ

သံသရာ
တခါကွေ့ မှာ
လာတွေ့ ရကာ
ခဏတာ
ခိုနားကြတာမို့ 
မုန်းဖို့ ဝေးစွာ
ခင်တွယ်ကာစိတ်ရင်း
ကူညီဖေးမခြင်းသာ
သယ်ဆောင်လို့ တို့ အတူ
ကြည်ဖြူစွာနေတတ်
ကျေနပ်စရာပါ
မမြင်လည်း
သံယောဇဉ်နည်းတယ်လို့ 
တွေးဖို့ ဝေးစွာ
ဒီနေရာကမ္ဘာလေးသာ
မှီတွယ်ရာနေ့ နေ့ ည
ခွဲမရပါ
အမုန်းမရှိ
ပြုံးကြည့်လိုက်ပါ
ပျော်ရွှင်စွာဆုံတွေ့ 
ကြည်မွေ့ ဖွယ်ရာ
ဒီနေရာ ထာဝရ
ခင်ကြစို့ ပါ။။။

ချစ်သော ထာဝရ မှ သူငယ်ချင်းများ သို့ ။။။။။။

(ကဗျာမလေး)

2 comments:

မမြင်လည်း
သံယောဇဉ်နည်းတယ်လို့ 
တွေးဖို့ ဝေးစွာ
ဒီနေရာကမ္ဘာလေးသာ
မှီတွယ်ရာနေ့ နေ့ ည
ခွဲမရပါ


ကဗျာလေးကအရမ်းကောင်းတာပဲဗျာ...
လူချင်းမတွေ့ဖူးမမြင်ဖူးကျပေမဲ့ အမြဲတမ်းထာဝရသူငယ်ချင်း
တွေပါပဲဗျာ....။

ကောင်းတယ် ကြိုးစားအားပေးပါတယ် ဗျာ
မမြင်နိုင်ပေမဲ့ ခင်တွယ်နေပါတယ်
အားလုံး အားလုံးကို မင်္ဂလာပါလို့

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites