ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

စိတ်၏စေရာ

သြော်..........
လွမ်းခြင်းတွေပွေ့ ဖက်
ပြန်လာဖြစ်ခဲ့ ပြီ။။

ချစ်သည် မုန်းသည်
ထိုနှစ်လီ ကို
ကိုယ့်၏စိတ်တွင်း
စိတ်ရှင်းနိုင်ရန်
ဖန်ဖန် လီ လီ
ကြိုးစားပြီးတောင်
ကြံဆောင်နေလည်း
စိတ်ဝယ်လွတ်ထွက်
ခံစားချက်ကို
မိုက်လို့ နေရာ
ပေးမိပါသည်
ကိုယ်သည်သာလျှင်စိတ်သခင်။။။

မျက်ရည်စက်လက်
ရင်ကွဲလျှက်သာ
စက်ရှေ့ မှာထိုင်
ငိုင်တွေ မူးနောက်
စိတ်နောက်မပါ
ဝေးကွာအသိ
မချိ ရင်တွင်း
စွန့် လွှတ်ခြင်းအား
ခါးသည်းလှစွာ
မိုက်မဲကာဖြင့်
ရွေးချယ်ဖြစ်သည်
ကိုယ်သည်သာလျှင် စိတ်သခင်။။

ချစ်သူ မုန်းသူ
ထိုနှစ်လူကြောင့်
စိတ်နှောက်မရှိ
စိတ်ရှုပ်မိကာ
သွားရပါသည်
စိတ်ပူမိစေ
ချစ်ဆွေတို့ အား
တိုးကာချစ်ခင်
ပြန်စေချင်ခဲ့ 
ကမ်းလက်များအား
မငြင်းသာနိုင်
စိတ်မခိုင်လို့ 
လွမ်းဆို့ ရင်မှာ
အပြေးလာမိ
ကိုယ်သည်သာလျှင်စိတ်သခင်။။။

(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites