ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Friday, March 23, 2012

လွမ်းတယ်ကွယ်

ပန်းတစ်ပွင့်
နွမ်းလွင့်လို့ ခွေ
နွေနေထိမလန်း
ပန်း လှတယ်လေ။။။

လေတစ်ဝေ့ 
ငွေ့ ငွေ့ ရယ်ပူ
ယူဆောင်လာရက်သော်
မော လှတယ်လေ။။။။

တေးတစ်ပုဒ်
ဆွဲနှုတ်ကာခြွေ
ယိုင်ခွေခွေ နှလုံး
နှုံး လှတယ်လေ။။။

ပြုံးတစ်စ
မုန်းမရချင်
ကြင်နာသောစိတ်က
ခက် လှတယ်လေ။။။

ပန်းပွင့်နဲ့ လေနွေး
တေးချင်းနဲ့ ပြုံးစ
မအပ်လှပေမယ့်
ယိုင်နဲ့ နဲ့ ကိုယ့်ရင်မှာ
လွမ်းလျှက်သာလေ။။။
(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites