ချစ်ရပါသော
ချစ်သူချောကို
ကိုယ်လေတင်စား
ချစ်အားပိုတာ
ဆိုပါရစေ..........
ချစ်သူလေးက
စန်းလသော်တာ
ဖြစ်ရပါမူ
ကြင်သူကိုယ်က
ကြယ်စင် ခ ပေါ့........
ချစ်သူကိုယ်က
နှင်းဆီလှဆို
ချစ်သူလေးက
ခစားဝပ်တွား
ဆူးခက်များပေါ့.....
ချစ်သူကသာ
ရေကန်သာလေး
ဖြစ်ပါသေးမူ
ကြင်သူကိုယ်က
ကြာပန်းမြပေါ့....
ချစ်သူကြင်ဖက်
မေတ္တာစွက်ကာ
ကြင်ကြင်နာနာ
ပြည့်ဝစွာလေ
ချစ်ပါရစေ.......
ဘ၀ထိုထို
တောင်းဆုဆိုသည်
တည်ကြည်သစ္စာ
မပျက်ပါပဲ
လက်တွဲရစေ......
(ကဗျာမလေး)
0 comments:
Post a Comment