မာတာမိခင်
တူနေချင်လျှက်
မငဲ့ ကွက်ပါ
ကံကြမ္မာက
ခွဲခွာရလေ
စေညွှန်းရက်သည်
မိခင်ကိုလည်းလွမ်းပါသည်။။။
ချစ်သောဖေဖေ
ရွှေတောင်ပမာ
အားကိုးရာမို့ 
လွမ်းလို့ နေလျှက်
နေ့ ရက်တိုင်းမှာ
မျှော်တမ်းတစွာ
လွမ်းရပါသလေ ချစ်ဖေဖေ။။။။
ချစ်ညီ ညီမ
သတိရစွာ
တွေ့ ချင်ပါသည်
ညီညာဖျဖျ
စည်းလုံးလှစွာ
မေ့ အားပြုစု
ယုယချိုသာ မေ့နားမှာ။။။။
ချစ်သောဇာတိ
ပြန်ချင်မိလည်း
ကမ်းနားသစ်ပင်
ဆင်ခြင်တိုင်းဆ
နေတတ်လှစွာ
ရွေးရတာမို့ 
လွမ်းလို့ မေမေ
ပြေးလာချင်လည်း
စိတ်ထဲသာရှိ
လွမ်းလှဘိသည်
ဇာတိရပ်ရွာ အမေ့အိမ်ပါ။။။
ကဗျာလေးက ကာရန်တော့မညီလှပေမယ့် အမေ့အိမ်ကို သတိရလို့ ရေးမိပါတယ်။။။
(ကဗျာမလေး)
0 comments:
Post a Comment