ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

ဝေးဝေးမှာသာနေတော့မယ်

အချစ်ဆိုတာ
ချစ်သည့်ခါမူ
ပျော်ရွှင်ကြည်နူး
ရင်ခွင်ဦးမှာ
မှေးစက်ပျော်ဝင်
ချမ်းမြေ့ ထင်၏။။။။

အချစ်မသိ 
မရှိခဲ့အောင်
ကြံဆောင်သိုဝှက်
ကြိုးစားခဲ့လည်း
ခက်ခဲခဲ့၏။။ 

မုန်းပြန်တော့လည်း
သဲမြညှာနွေ
ကြေကွဲမဆုံး
အပြုံးမရှိ
ပူလောင်လွန်း၏။။။။

မမုန်းချင်လည်း
ဝမ်းနည်းလေအောင်
သူ့ ဟန်ဆောင်ချစ် 
လှစ်ဟမြင်ရ
နာကြည်းလှ၏။။။။

အချစ်အမုန်း
နှစ်ခုလုံးမှာ
အတ္တကိုယ်စီ
ရှိကြသည်မို့ 
မေ့လို့ ဖယ်ခွာ
ဝေးဝေးမှာသာနေတော့မယ်။။။။။

(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites