ငါ
ဘာမှားသလဲ
စဉ်းစားဆဲပါ
ဒီနေရာမှာ
ကိုယ်ဟာပျော်မွေ့ 
အချိန်ရှိသရွေ့ 
မမေ့ချင်အောင်
နှောင်တွယ်ရစ်ခဲ့ 
မဲ့ ကာ ပြုံးကာ
ဝေဖန်ပါလည်း
ခဏနေရ
ဒီဘ၀မှာ
အရာရာကို
ချိုအောင်သာကြည့်
ကြိုးစားမိအောင်
ဖန်တီးဆောင်ကာ
ကိုယ်နေပါသည်။။
တည်ရှိခဲ့သော
ခဏတောဝယ်
စိတ်ဝယ်ညစ်နောက်
စိတ်ရှုပ်လောက်စရာ
ကိုယ်မှားပါသော်
ကိုယ့်အားခွင့်လွှတ်
မျက်ရည်စွတ်စို
ငိုနေသောရင်
မမေ့ ချင်သည်
မတတ်သာလို့  ခွဲပါရစေ။။။။
ချစ်သူငယ်ချင်းများ စည်းစည်းလုံးလုံးနဲ့  ပျော်ရွှင်ကြပါစေရှင်။။။။။။။။
ချက်ချင်းရေးလိုက်မိလို့  ကဗျာလေး မလှပခဲ့ရင် ခွင့်လွှတ်ပါနော်။။။။။။။။။
(ကဗျာမလေး)
0 comments:
Post a Comment