သူမေ့ရက်လျှင်
ညှိုးသက်နွမ်းခွေ
နွေနေထိနွမ်း
ကြွေမည့်ပန်း ပါ။။
သူမုန်းရက်လျှင်
အပြုံးမရှိ
ထိခိုက်ရင်မှာ
ရူးမည့်သူ ပါ။။။။
သူစိမ်းရက်လျှင်
တိမ်းမူးခွေလျှ
သောကကမ္ဘာ
များမည့်သူ ပါ။။
သူကြင်နာက
ပြုံးမြကြည်သာ
ရင်မှာပီတိ
ပျော်မည့်သူ ပါ။။။
(ကဗျာမလေး)
0 comments:
Post a Comment