တစ်ခါတစ်လေ
ဘ၀နွေမှာ
အားအင်ချည့်နဲ့ 
ဝမ်းနည်းခဲ့လျှင်
အားငယ်မိတာအမှန်ပင်။။။။
လုပ်တိုင်းမဖြစ်
စိတ်ညစ်မှိုင်တွေ
ငိုချင်နေဆဲ
အားတင်းလည်းလေ
တွေဝေမိတာအမှန်ပင်။။။။။
စိတ်ဒဏ်ရာတွေ
များလွန်းနေပြီ
တည်ငြိမ်အောင်ထား
ကြိုးစားလည်းလေ
စိတ်လျှော့မိတာအမှန်ပင်။။။။
ပျော်ရွှင်ခဏ
ညစ်ရခါခါ
ကမ္ဘာသောက
မောလွန်းလှသည်
ငြီးငွေ့ မိတာအမှန်ပင်။။။။
မပျော်ဘဝ
ဒီခဏမှာ
နေရတာပင်
ရှည်လှထင်မိ
မလွမ်းမိတာအမှန်ပင်။။။။
စိတ်ထွက်ပေါက်လေးတစ်ခုဆီသို့ ။။။။။။။
(ကဗျာမလေး)
0 comments:
Post a Comment