ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Tuesday, March 27, 2012

အမေ့ အိမ်


ချစ်စွာသောမေမေ
လွမ်းခြင်းတွေပွေ့ ကာ
အပြေးလာခဲ့ပါသည်
ငြိမ်းချမ်းအေးသာယာ
အမေ့အိမ်လေးဆီသာ။။။

အမေ့ ရဲ့ အသံချို
ပိုစည်ဝေနေသလို
အပြုံးတွေချိုမြ
သနပ်ခါးလှလှတွေ
အမောပြေလှတယ်လေ။။။။

ခဏနှင့်ခွဲခွာ
လွမ်းဆွတ်စွာထားရစ်
မကြာဖြစ်ခဲ့ပေမယ့်
ကျေနပ်ခဲ့ရပါသည်
အမေ့ပုံရိပ်တွေဆီ။။။။

ေ၀၀ါးလို့ဝေ့ သီ
မျက်ဝန်းလဲ့ရီနှင့်
ကျောခိုင်းရစ်ခဲ့ ချိန်
အမေ့ အိမ်လေးမှာ
တိတ်ဆိတ်ငြိမ်သက်စွာ။။။။

ဦးတည်ရာဒေသ
ခြေလှမ်းစခဲ့ပေမယ့်
စိတ်အစဉ်ရင်တွင်း
လွမ်းဆွတ်ခြင်းပြည့်ကာ
အမေ့အိမ်လေးဆီမှာ။။။။

ဘယ်နေရာဒေသ
မြင့်မားလှပါစေ
မီးမရှိ ဖုန်းမလာ
အမေ့အိမ်လေးသာ
ကျွန်မပျော်မွေ့ ဖွယ်ရာ။။။။

နှုတ်ဆက်လို့ ထွက်ခွာ
ကျောခိုင်းရာရပ်ဆီက
ပုလဲသွယ် ဝေ့ သီသီ
လှည့်မကြည့်မိပေမယ့်
မြင်ခဲ့ တယ် အမေရယ်။။။။။။။။။

(ကဗျာမလေး)

1 comments:

အမေအိမ် ကို တမ်းတမိပါတယ် ..

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites