ည......
ဝိုးတ၀ါး မဲမှောင်
လှောင်နေတဲ့ မျက်ဝန်း
ထိုးထွင်းလို့ မြင်နေရ
မလှပ ပါလားကွယ်............
ကြယ်.....
မှိန်ဖျော့ဖျော့ အားငယ်
လင်းလဲ့ လဲ့ အပြုံး
ရှုံးသူရဲ့ မျက်ရည်စ
မလှပ ပါလားကွယ်........
ည နဲ့  ကြယ် ရယ်
လွမ်းဆွတ်စွာ ကိုယ့်မှာတော့
ခေါင်းမော့ကာ မာန်ကိုသွင်း
စိမ်းရက်သူ ရင်တွင်းကို
လှစ်လို့ ကိုယ်မကြည့်ဝံ့ ပါ
အိပ်ဆေးသာအဖော်မို့ 
စို့ နေသောရင်ကွဲနာ
မင်းတို့သာအဖော်ပြုလို့ 
မိုးလင်းစို့ နော်...........
.
(ကဗျာမလေး)
0 comments:
Post a Comment