အကြင်နာစစ်
ရင်မှာဖြစ်လျှင်
မမြင်အပြစ်
ချစ်မျက်ဝန်းသာ
ရှုတတ်စွာ။။
ဘယ်မှာနေနေ
ဘာတွေလုပ်ကာ
ဝေးနေပါစေ
ယုံကြည်သစ္စာ
ပြည့်ဝစွာ။။။။
တွေ့ ဆုံခွင့်လေး
မပြည့်သေးခင်
ရင်မှာတမ်းတ
နွမ်းလျလွန်းရှာ
လွမ်းလှစွာ။။။
ချစ်သူမေတ္တာ
အကြင်နာများ
သဲ ကြားစိမ့် ဝင်
မခွဲချင်ပါ
ယုံကြည်စွာ။။။။။
တစ်နေ့ ဆုံနိုး
မျှော်ငယ်ကိုးမို့ 
ပိုတိုး၍သာ
မြတ်နိုးစွာပင်
ချစ်တယ်ရှင်။။။။
0 comments:
Post a Comment