ပုလဲသွယ်ဝေမှုံ
တုန်ရီနေဒီလက်
အေးစက်စက်ထိတွေ့ 
ကိုယ်ငွေ့ မှဟုတ်စ
တုန်လှုပ်မိလှတယ်။။
သောကတွေများရ
မလှပကိုယ့်ကံ
အမိ နှင့် အဖ
ဘယ်လိုပင် တ ပါ့
ဝေးကွာလွန်းလှတယ်။။
နိုင်ရာကို အားပြု
လူလူချင်းနှိပ်စက်
နေရာတစ်ခုတွက်
ရက်စက်စွာနှိပ်ကွပ်
မကြောက်ရွံ့ ခဲ့ပါ။။
ကိုယ်ချစ်သောမိခင်
ဖခင်ကိုတမ်းတ
လွမ်းဆွတ်လှစွာပင်
အားမာန်ရယ်တင်းလျှက်
အံကိုပဲ ခဲခဲ့ တယ်။။။
နေရာလေးတစ်ခု
အခြေပြုဖို့ တွက်
အသိုက်နဲ့ ခွဲခွာ
ပျံနေရကြာတော့လည်း
ခြေကုန်လို့ လက်ပန်း
မလန်းဆန်းနိုင်အောင်
အတောင်ပဲညောင်းခဲ့ တယ်။။
(ကဗျာမလေး)
0 comments:
Post a Comment