လရောင်
အေးချမ်းခြင်းကိုဆောင်လို့ 
ကိုယ်ရင်၌အေးမြခြင်း
ယူဆောင်ခွင်းပေးလှည့်ပါ
ခဏတာဖြစ်ဖြစ်ပေါ့။။။။
လေပြေ
တိုးဝှေ့ လို့ ကိုယ့်အပါး
အေးမြလို့ သွားစေ
ဝေ့ ဝိုက်ကာကျီစယ်
ခဏလေးဖြစ်ဖြစ်ကွယ်။။။။
စံပယ်
ဖြူစင်စွာမွှေးမြ
လှပစွာပွင့်လန်း
ရင်တွင်းမှာကြည်စေ
ခဏတာဖြစ်စေပါ။။။
လရောင် နဲ့လေပြေ
စံပယ်တွေ ကူဆောင်
ခဏတောင်မေ့မရ
မအေးမြ ကိုယ့်ရင်
ကြင်နာသူမြင်လှည့်
ပူလောင်ကျွမ်းခဲ့ရပေ။။။
ဝေးရမှာကြိုသိ
မချိခဲ့ နေ့ စဉ်
သခင်ရယ် မသိ
ပူမိတဲ့ ကိုယ့်ရင်
ဘယ်လိုပင်ငြိမ်းသတ်ပါ့
စိုးထိတ်လှပေါ့လေ။။။
(ကဗျာမလေး)
0 comments:
Post a Comment