ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

မြက်ကလေးရဲ့ ဆုတောင်း (၂)

ချစ်သောဖေဖေ
မေ့လို့ လည်းမရ
သတိတရရက်
ရောက်ခဲ့ပြန်ပေါ့လေ.....

လူ့ လောကထဲ
ပို့ ပေးခဲ့ရှာ
သုံးဆယ် ကြာပေါ့
ချစ်ရပါသော ချစ်ဖေဖေ...

မွေးနေ့ ရက်မှာ
လက်စုံဖြာဖူး
ဦးချချင်မိ
မရှိရှာသော ချစ်ဖေဖေ....

ကျွေးကျေးဇူးထက်
မြတ်မွေးကျေးဇူး
ထူးစွာဆပ်ချင်
မမြင်ရသော ချစ်ဖေဖေ...

ဖေဖေရယ်လို့ 
ခွန်းချိုအားရ
ခေါ်ခွင့် မရတာ
တသက်စာပါ ချစ်ဖေဖေ....

ဖေမရှိသော်
ရည်မျှော်မှန်းကာ
ကန်တော့ပါသည်
ဘ၀ဆက်တိုင်း
မရိုင်းကြမ္မာ
ခွဲခွာရခြင်း
လွတ်ကင်းရစေ  ချစ်ဖေဖေ....

 ဖေဖေသို့  အမှတ်တရပါ..........

(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites