ဖေဖေရေ..ဖေဖေရေ
သူများတွေခေါ်လေတိုင်း
ကိုယ်လဲလေဖေဖေလို့ 
တိုးတိုးလေးရေရွတ်ခဲ့
မ၀ံ့ မရဲနဲ့  ပေါ့လေ........
ဖေဖေရဲ့ လက်ကိုတွဲ
ရဲ ၀ံ့ တဲ့အပြုံးတွေ
ငေးမောလို့အားကျ
မျက်ရည်ဝိုင်းခဲ့ရတာ
ကိုယ့်ဘ၀မှာပေါ့ လေ....
ဖေဖေရဲ့ မေတ္တာ
ကိုယ်လဲလေလိုချင်မိ
မချိခဲ့တဲ့ရင်
ဟန်ဆောင်လို့ ဖုံးဖိ
ကိုယ်သာလျှင်အသိဆုံးပါ....
ဖေဖေ့ ရဲ့ရင်ခွင်
တိုးဝင်လို့ ဆိုးနွဲ့ 
ဖေ့ခါးကိုဖက်လို့ 
အားကိုးချင်ခဲ့တာ
မြေဇာမြက်ကလေးရယ်ပါ....
ခုတော့လဲ..ဖေဖေရယ်
မြင်ခွင့်မှ ရမသွား
ထားခဲ့တဲ့ ဘ၀မှာ
ကံ ကိုသာယိုးမယ်ဖွဲ့ 
သဲအူတွေတွေပြတ်တမျှ
ငိုကြွေးလို့နေရတာ
မြေဇာမြက်ကလေးရယ်ပါ....
မြင်ခွင့်မရလိုက်သော ချစ်ဖေဖေသို့ ။။။။။။။။
(ကဗျာမလေး)
0 comments:
Post a Comment