ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

နှောင်ကြိုး

ချစ်သူရုပ်သွင်
မမြင်ကြာသော်
မပျော်မှိုင်ငေး
ဆွေးတစ်သက်သက်
မေ့ ရက်ပြီလား  ချစ်သူရယ်။။။။။

ချစ်သူသံချို
မကြားဆိုသော်
မျှော်ရည်ငိုင်တွေ
ဆို့ နင့်ကြေကွဲ
ဝေးခဲ့ ပြီလား  ချစ်သူရယ်။။။။။။

ချစ်သူ့ ပြုံးစ
နှလုံးလှစွာ
သာယာကြည်နူး
မူးယစ်ရီဝေ
မြင်ယောင်နေတုန်း  ချစ်သူရယ်။။။။။


ချစ်သူပေးလို့ 
ချိုသောအရှုံး
ပြုံး၍ကျေနပ်
နေတတ်စွာနဲ့ 
ကြိုးစားခဲ့ကာ
မမုန်းမမေ့ 
ထွေးပွေ့ ယူငင်
နှောင်ကြိုးမျှင်ကို
တွယ်ငင်နေတုန်းချစ်သူရယ်။။။။။
(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites