ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

သူငယ်ချင်း

သူငယ်ချင်း
ရင်တွင်းမေတ္တာ
ဖြူစွာစိတ်ရင်း
ခဏချင်းပင်
ခင်မင်စိတ်များ
တားမရပါသူငယ်ချင်း....

သူငယ်ချင်း
ခဏနေရ
ဒီဘ၀မှာ
ပျော်ရာမနေ
တော်ရာနေလည်း
ပျော်အောင်နေပါသူငယ်ချင်း......

သူငယ်ချင်း
မင်းရဲ့ ရင်တွင်း
ခံစားခြင်းများ
နားထောင်ပေးမယ်
ထပ်တူဖြစ်ချင်
ရင်ဖွင့်လိုက်ပါသူငယ်ချင်း...

သူငယ်ချင်း
တစ်အူတုံဆင်း
မဟုတ်ခြင်းထက်
ခင်လျှက်ဆွေမျိုး
ရစ်ပိုးနွယ်ပတ်
ကျေနပ်စရာပါသူငယ်ချင်း...

သူငယ်ချင်း
ရေစက်ရှိရာ
ကြုံရတာမို့ 
တို့ တွေဆုံရာ
ဒီကမ္ဘာဝယ်
ပျော်ပျော်နေမယ်သူငယ်ချင်း....

(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites