ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

အချစ်ဆိပ် (၂ )

တစ်နေ့ တစ်ရက်သော်မှ
အမေ့ ခက်ရသူပါ
တစ်သက်စာစူးနစ်
ရူးမတတ်ချစ်ခဲ့တာ။။


တစ်ချိန်မှာလက်တွဲ
မြဲဆက်ဖို့ ကြံရွယ်
တစ်ယောက်သောချစ်ဦး
နင့်နင့်မူးမြစ်တွယ်။။။။


တစ်သက်မှာတစ်ချစ်
မြတ်မြတ်နိုးနင့်စွာ
မှီတွယ်ရာအချစ်
စိမ်းကားရစ်လွန်းတယ်။။


ချစ်တတ်သူကိုယ့်အား
မင်းနားမလည်လျှင်
ရှင်သန်ရာကိုယ့်စိတ်
ရိုက်ချိုးပစ်လိုက်ချင်။။။


ထားခဲ့တော့ သခင်
ခွဲခွာကာချန်ရစ်
မင်းမေ့ ပစ်ခဲ့ လည်း
စွဲမြဲတဲ့ ကိုယ့်ချစ်
မင်းသိဖြစ်ခဲ့ရင်ပဲ
ကိုယ်ကျေနပ်ပါတယ် သခင်။။
  (ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites