ချစ်စွာသောမေမေ
ရာသီတွေလွန်မြောက်
သီတင်းကျွတ်ရောက်ခဲ့ပေါ့လေ။။
မေမေရဲ့ ခြေစုံ
နဖူးကိုအပ်ထား
ဝပ်တွားခယ
စို့ ကျမျက်ရည်
ကန်တော့ ပါရစေမေမေ။။
အနေဝေးနေလို့ 
စိတ်တွေးရယ်မရှိ
သမီးလေးရင်မှာ
မေ့ လိုနေရှာလား
အတွေးမမှားပါနဲ့မေမေ။။
အပြောဆိုအနေထိုင်
မေစိတ်တိုင်းမကျလျှင်
မြည်တွန်ခြင်းသံများ
ချိုမြစွာကြားလျှက်
မခါးသက်ခဲ့ပါမေမေ။။
တုန်ရီသောမေ့ လက်
ဆွဲယူလို့ နွေးစေ
ဝေ ၀ါးသောမျက်ဝန်း
ပုလဲတို့ ရွှန်းလက်
မမေ့ရက်ခဲ့ပါမေမေ။။
သမီးလည်းလွမ်းသော်
တော်ရာမှာနေကြ
ဒီဘ၀တွေမှာ
အဝေးမှ တမ်းတ
အားငယ်ရပါတယ် မေမေ။။
ခုတော့လေမေမေ
ချစ်စွာသောရာသီ
ဒီဝါကျွတ်မှီ မှာ
သမီးလေးလာလမ်း
မျှော်မှန်းသောချစ်မေ
ဝမ်းမြောက်စေရွှင်လန်း
အပြေးလှမ်းခဲ့ပါ့ မယ်
မျှော်နေတော့မေမေရယ်။။
(ကဗျာမလေး)
0 comments:
Post a Comment