ချစ်သူ
မချူခင်ကကမ်း
မလှမ်းခင်ကယူ
လွယ်လေသူလို့ များ
အထင်မှားနေရင်
မင်းမှားမယ်သခင်....
ရင်မှာတည်သောချစ်
မင်းခံစားဖြစ်လျှင်
ကြင်နာသောမေတ္တာ
မင်းနားလည်လာသော်
ပျော်စေမယ်သခင်.....
မကြင်လို့ မုန်းမုန်း
ခင်တွယ်မှုဆိတ်သုဉ်း
အမုန်းမဖက်ရက်
အပြုံးမပျက်ခဲ့ ကာ
ချစ်လျှက်ပါသခင်....
ရင်မှာတည်သောချစ်
မတားမြစ်ရက်တာ
ကိုယ်မှားခဲ့ ပါလျှင်
ခေါင်းငုံ့ လို့ လည်စင်း
နင်းလှည့်ပါ သခင်......
(ကဗျာမလေး)
0 comments:
Post a Comment