ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

သံယောဇဉ်ကြိုး


ကိုယ့်ရင်က အချစ်
နင် လှစ်ကြည့်စမ်းပါ
မြတ်နိုးစွာနှောင်တွယ်
ဖယ်ခွါလည်းမရ
ကိုယ်ရူးရပြီကွယ်......
 

ကိုယ့်ရင်ကအလွမ်း
နင် မှန်းကြည့်စမ်းပါ
ဒီရင်မှာဘာတွေဖြစ်
မလှစ်ဟသင့်တာ
သိပြီးသားပါကွယ်.........


ကိုယ့် ရင်ကသံယောဇဉ်
နင် မြင်ကြည့်စမ်းပါ
ခိုင်မာသောမေတ္တာ
အကြင်နာပြည့်ဝ
ကိုယ်မေ့မရတယ်.........

အချစ် နဲ့ အလွမ်း
ဆင်ခြင်စမ်းကြည့်က
ထိမ်းသိမ်းလို့ ရလည်း
တွယ်ငြိတဲ့သံယောဇဉ်
ကိုယ်မငြင်းနိုင်ပါတယ်.........
.


ချစ်လို့ ပဲနေနေ
လွမ်းလို့ ပဲသေသေ
ဝေဒနာ ပိုင်းစ
ထိရှ ခဲ့ပြီမို့ 
ကိုယ်ကျေနပ်ပါတယ်............
့(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites