ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

သိမ်းထားခွင့်

တွယ်တာသူရေ.....
ကြေကွဲမယ့် အတွေးများ
ဘေးဖယ်လို့ ထားလိုက်နော်
ပျော်ရွှင်ဖွယ်ရက်များ
မေ့မသွားကြေးပေါ့ ။။။။။။။။

ကြင်နာသူရေ.....
ရင်မှာလေ အစဉ်ရှိ
သိချင်မှ သိမှာပါ
ငြိတွယ်ခဲ့ အချစ်များ
သိုဝှက်လို့  ထားတယ်လေ။။။။။။။။။

မြတ်နိုးသူရေ......
နွယ်မိတဲ့ သံယောဇဉ်
တည်ရှိခဲ့အချစ်များ
ထားမိခဲ့  မေတ္တာတွေ
သိမ်းဆည်းလို့ ထားပါရစေ။။။။။

ချစ်ရသူရေ.....
ဘယ်နေရာ ဘယ်ဒေသ
ကွဲကွာလို နေရစေ
ကံဝေးလို့မဆုံရ
လွဲခဲ့ကြပေမယ့်လည်း
ရင်ထဲကချစ်မေတ္တာ
ဒီရင်မှာထာဝရ
သိမ်းထားခွင့် ပေးပါကွယ်။။။။။


(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites