ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

လွဲသောမာန

သြော်....
လေလိုပြေးထွက်
နှုတ်ဆက်ခဲ့လည်း
စွဲမြဲကျန်ထား
နှလုံးသားမှာ
ကိုယ်သာခံစားရပါသည်။။။။

ကြည်ဖြူချစ်ခင်
ပြစ်မမြင်တယ်
ရင်ဝယ်ကြည်နူး
အချစ်ဦးအား
ကိုယ့် မှာသိပ်ချစ်ခဲ့ ပါသည်။။။။

စိတ်ဝယ်မတွေ့ 
ပန်းတစ်ပွေ့ နဲ့ 
ချော့ခဲ့ ကြည်သာ
ချိုသာစကား
ကိုယ်လေကြားယောင်နေပါသည်။။။

နှစ်ယောက်သဘော
မာနတောတွင်း
ကျောချင်းကပ်လျှက်
မုန်းမာန်ချဲ့ ကာ
ကိုယ်ဟာဟန်ဆောင်ကောင်းနေသည်

ချစ်ထုံးမပြေ
လွမ်းစိတ်ဝေလည်း
လွဲသောမာန
မချခ၀ါ
ကိုယ့်မာန နဲ့ ကိုယ်နေမည်။။။


(ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites