ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Monday, April 2, 2012

ခွင့်ပြုပါ

တစ်ခါတစ်လေ
ဘာ လေမှမပါပဲ
ပင့်သက်သံ ရှရှ
ခပ်မျဉ်းမျဉ်းချမိတယ်။။။

တစ်ခါတစ်လေ
ဘယ်သူမှ မချည်နှောင်
ရှောင်တိမ်းဖို့ ခက်ခဲ
ကြိုး တွေက မြဲလှတယ်။။။။

တစ်ခါတစ်လေ
ဘယ်သူမှ မမှားပဲ
ခွဲခွါခြင်း တရား
ဆုံးဖြတ်ရ ခက်လှတယ်။။။

တစ်ခါတစ်လေ
တာဝန်ကျေစိတ်တွေကြောင့်
ဦးနှောက်နဲ့ ဆုံးဖြတ်
မမုန်းတတ်ပေမယ့် 
အချစ်ကိုကျောခိုင်းရတတ်တယ်။။။။။။။။။။
 (ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites