မပျော်ဘူးနော်...
ခေါ်ဖူးတဲ့နာမည်
ဒီရင်ဝယ် မေ့မရ
တဖွဖွ ရေရွတ်
ခွင့်မလွှတ်ချင်ဘူးကွယ်....
အကြိုက်ရယ်တူ
ကော်ဖီပူပူလေး
အတွေး နဲ့ လွမ်းဆဲ
စွဲလမ်းတဲ့ စိတ်က
သိပ် ခက်လှပါတယ်...
အပြုံးတွေ မေ့
အမုန်းတွေ ပွေ့ လို့ 
တရွေ့ ရွေ့ ဝေးကွာ
ကြင်နာခဲ့ခြင်းများ
မင်း မေ့ သွားပြီပေါ့ ...
ချစ်ရသူရေ
မင်း မေ့လို့ သွားလည်း
မျက်ရည်တွေဝေ့ ဝဲ
ကွဲနေတဲ့ အသည်းနဲ့
ဆက်ချစ်လို့ နေဆဲပါ..
ရှိပါစေ ကွယ်
ကြေကွဲဖွယ် အတိတ်
ဇွတ်မှိတ်လို့ တွယ်ဖက်
မငဲ့ ကွက်မေတ္တာ
ထားရက်ရင် ထားခဲ့ပါ...ကွယ်
0 comments:
Post a Comment