ချစ်ခြင်းတရား
နှလုံးသားမှာ
ဝေဖန်ပိုင်းစစ်
မချစ်သင့်သည်
ချစ်သင့်သည်ဟု
ထုဆစ်တွေဝေ
ဆန်းစစ်ပေလည်း
နှလုံးဆန္ဒ
လွန်မရသူ
အနိုင်ယူလို့ ချစ်မိသည်။။။
ဒီလမ်းဆုံးမှာ
နှလုံးမြေခ
ကြွေကျမျက်ရည်
နာကျင်ပေမည်
ကိုယ်စီ သိငြား
နှလုံးသားကို
အလိုလိုက်လို့ 
တို့ တွေရဲ့ လက်
ခိုင်ခိုင်ဆက်ကာ
ဒီလမ်းကိုပဲလျှောက်မိသည်။။
ခဏလေးပင်
မခွဲချင်အောင်
နှောင်တွယ်ရစ်ဖွဲ့ 
ချစ်မိခဲ့ သူ
မေ့ ချစ်သူက
ခွဲခွာချန်ထား
မေ့  အားမေ့ သော်
မပျော်နိုင်ပါ
မုန်း ပြီလား ထင်
ရင်နာစွာပင်လွမ်းမိသည်။။
(ကဗျာမလေး)
0 comments:
Post a Comment