ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Tuesday, March 27, 2012

ခွင့်လွှတ်စေနော်


အပြစ်မမြင်
ချစ်ကြင်သက်ထား
သစ္စာများကို
မယိုးစွပ်ရဲ
ဖြစ်တတ်လို့ သာ
စိတ်ပူပါသည်.....

ရင်မှာလှိုက်ဖို
ငိုချင်နေလည်း
သည်းအူပြတ်စေ
ဝေဒနာအား
ကြိုးစားစိတ်ထွေ
ကြိတ်ဖြေပါမည်....

ချစ်လွန်းလို့ သာ
ဝန်တိုရှာသည်
ဒီရင်အမျှ
ခံစားရလျှက်
များလှမေတ္တာ
ချစ်ရပါသည်....


သစ္စာတရား
ယုံမှားမရှိ
ကတိမတည်
ပြောမညီဟု
ချစ်သူကိုကွယ်
မထင်ရက်တယ်..

ထင်ယောင်မြင်မှား
ပြောမိငြားက
မှားလှမေ့မှာ
ပြစ်ရှိပါသည်
ချစ်သည်မှန်လေ
ခွင့်လွှတ်စေနော်.

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites