ကြင်နာသူရေ
အတူနေမှ
ချစ်ခွင့်ရတာ
မဟုတ်ပါကွယ်
ရင်မှာချစ်ခြင်း
မြတ်နိုးခြင်းများ
ထားရှိသစ္စာ
မပျက်ပါပဲ
စွဲမြဲမေတ္တာ
တသက်စာမူ
ဘယ်သူခွဲစေ
ချစ်နေလို့လည်းရပါတယ်။။။။။။
ကြင်နာသူရေ
တွေ့ နေပါမှ
သတိရတာ
မဟုတ်ပါကွယ်
မိုင်တွေဝေးကွာ
ကမ္ဘာခြားစေ
မေ့မသွားပါ
ကြင်နာရှာသူ
မေ့ ချစ်သူကို
ပိုလို့ တမ်းတ
နွမ်းလျစွာလေ
သတိတွေလည်းရပါတယ်။။။။။။
ကြင်နာသူရေ
အတွေးနယ်မှာ
ဆွေးနေပါမှ
လွမ်းလို့ရတာ
မဟုတ်ပါကွယ်
တွယ်ငြိစကား
နားဝယ်ကြားကာ
မှာတမ်းခြွေသော
သူ့ သဘောများ
လိုက်နာထားခဲ့
ကျေနပ်လျှက်လေ
လွမ်းနေလို့လည်းရပါတယ်။။။
(ကဗျာမလေး)
0 comments:
Post a Comment