ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Friday, March 23, 2012

စိမ်းရက်လေအား

ချစ်သူ

တစ်နေ့ မှာလမ်းခွဲ

လွမ်းရဲပါတယ်လို့ 
တို့ သတ္တိရှိစွာ
တူညီရာဆန္ဒ
ချစ်ခဲ့ကြတာလေ။။။။

တစ်ရစ်ထက်တစ်ရစ်
သံယောဇဉ်မြစ်တွေ
စီးဆင်းလေရင်ထဲ
အသည်းကနင့်စွာ
ကြင်နာခဲ့တာလေ။။။။

ကြည်ဖြူစွာချစ်ခင်
ပြစ်မမြင်စတမ်း
တဒင်္ဂချစ်လမ်းလေး
နွေးထွေးစွာလျှောက်လမ်း
ကျေနပ်လွမ်းရာလေ။။။။


ခွဲရမယ့်ချိန်လေး
မရောက်သေးခင်မှာ
အကြင်နာချစ်ကြိုး
ဆထက်ပို တိုးကာ
မြတ်နိုးရစေလေ။။။။

ခင်တွယ်ရာဘဝ
သိကြပြီးသားမို့ 
မြတ်နိုးစွာချစ်ခြင်း
ဇွတ်အတင်းမေ့ ကာ
စိမ်းရက်ပါ့ မလားလေ။။။

 (ကဗျာမလေး)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites