ကဗျာမလေး Blog သို.လာရောက်လည်ပတ်သူ -သူငယ်ချင်းအားလုံးကိုကျေးဇူးတင်လျှက်ပါ။

Tuesday, March 27, 2012

တိတ်တခိုးချစ်


မချစ်ရဲရဲ
ချစ်ရဲရဲနှင့်
စိုးထင့်ဗျာပွေ
တွေဝေမေ့လည်း
သည်းကြားစိမ့်လာ
ချစ်မေတ္တာက
တားဆီးမရမိခဲ့ပါ။။။

သတိရခြင်း
တမ်းတခြင်းက
ကိုယ့့်အားနှိပ်စက်
မမေ့ရက်ကာ
ဝေဒနာအား
ဖွေရှာဝယ်ယူ
ဘယ်သူကူမှမရပါ။။။

ကိုယ့်ဘ၀မှာ
ပေးဆပ်ခြင်းသာ
ပိုင်ဆိုင်ပါလျှက်
တုန့် လှည့်မေတ္တာ
မပေးရှာ သူ
ကြည်ဖြူဖို့ဝေး
ဆွေးနေလို့ လည်းမဆုံးပါ။။။

ချစ်သူကြောင်းတွေး
လွမ်းလို့ငေးကာ
ချစ်သူတေးသံ
ချိုမြပြန်ခဲ့ 
ချစ်သူ့ သွင်ပြင်
မြင်ယောင်ထင်ပြီး
ကိုယ့် ဘ၀ထဲကျေနပ်ဆဲပါ။။။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites